preloader

Ef a tale of memories

By: LIGHTHOUSE FANSUB

Link Count: 12

Plot Summary

ဇာတ်​လမ်းအညွှန်း ~~~~~~~~~~~~~~~~~~ "Ef a Tale of Memories" နဲ့ "Ef a Tale of Melodies"တို့ဟာ "Visual Novel"အဖြစ်​က​နေ "Anime Serie"အဖြစ်​ ​အသက်​သွင်းခဲ့တဲ့ စီးရီး​တွေဖြစ်​ပြီး​တော့ MAL ရမှတ်​ ၈မှတ်​၊ Imdbရမှတ်​ ၇.၅မှတ်​ရထားတဲ့ ​ကောင်း​ပေမဲ့ လူသိနည်းတဲ့ စီးရီး​တွေဆိုလည်း ဟုတ်​ပါတယ်​။ "Ef a Tale of Memories"ဟာ "ရင်းဂျီ"၊ "ဟီရိုနို"၊ "ချီဟီရို"၊ "ခဲ"၊ "မီယကို"စတဲ့ ဇာတ်​​ကောင်​​တွေကို အဓိကဇာတ်​​ကောင်​အဖြစ်​ထားပြီး တင်​ဆက်​ထားတာဖြစ်​ပါတယ်​။ ဇာတ်​​ကောင်​​တွေတိုင်းဟာ တစ်​နည်းနည်းနဲ့ ဆက်​စပ်​မှု​တွေ ရှိကြပြီး ဇာတ်​​ကောင်​​တွေတိုင်းမှာ ဦးတည်​ရာ​တွေနဲ့ တိကျတဲ့ရည်​မှန်းချက်​​တွေလည်း ရှိကြပါတယ်​။ - ဘဝရဲ့ရည်​မှန်းချက်​ကို ရှာ​ဖွေ​နေတဲ့ "ရင်းဂျီ" - ​အောင်​မြင်​တဲ့ မန်းဂဆရာဖြစ်​ဖို့ ကြိုးပမ်း​နေတဲ့ "ဟီရိုနို" - စာအုပ်​က​လေးကို ​ပေါင်​​ပေါ်တင်​ အမြဲတမ်း ​ကောင်းကင်​ကို ​မော့ကြည့်​​နေတတ်​တဲ့ ပ​ဟေဋ္ဌိဆန်​ဆန်​​ကောင်​မ​လေး "ချီဟီရို" - "ဟီရိုနို"ရဲ့ ငယ်​သူငယ်​ချင်းတစ်​ဖြစ်​လည်း အားကစားထူးချွန်​တဲ့ "ခဲ" - ​ပေါ့ပျက်​​ပျက်​​နေတတ်​တဲ့ စရိုက်​ရှိ​ပြီး နားလည်​ရ ခက်​လှတဲ့ ​"မီယကို"... စတဲ့ ဇာတ်​​ကောင်​​တွေကြားထဲက ကြည်​နူးဖွယ်​၊ နာကျင်​ဖွယ်​ ပတ်​သက်​မှု၊ အဖြစ်​အပျက်​​တွေကို "Tale of Memories"ဆိုတဲ့အတိုင်း အမှတ်​တရကျန်​ရစ်​​အောင်​ ခံစားကြည့်​ရှုရမှာပဲ ဖြစ်​ပါတယ်​။

Anime Detail

Date of release: 2007

Status: FINISHED

Genre: Drama , Mystery

Scores: 7.5

Views: